AGM Online (2025)
AGM Online (2025)
►►► Myanmar ICT Development Corporation Public Co., Ltd (MICTDC) ၏ (၂၄) ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးအား Online စနစ်ဖြင့် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း အသိပေး ဖိတ်ကြားလွှာ

Online Registration ပြုလုပ်ရန် ►►► mictdc.meet4u.online
ကုမ္ပဏီ၏အစုရှယ်ယာရှင်များသည် အစည်းအဝေးတက်ရောက်ရန်အတွက် ၂၃-၁၁-၂၀၂၅ ရက်နေ့မှ ၂၈-၁၁-၂၀၂၅ ရက်နေ့အတွင်း အွန်လိုင်းမှ မှတ်ပုံတင်ခြင်း (Online Registration) ကို MICTDC Website (www.mictdc.com.mm) တွင်ရှိသော mictdc.meet4u.online link မှတဆင့် ပြုလုပ်ရမည် ဖြစ်ပါသည်။ MICTDC အစုရှယ်ယာရှင်များ၏ မိုဘိုင်းလ်ဖုန်းသို့လည်း Online Registration ပြုလုပ်ရမည့် Link အား SMS ဖြင့် ပေးပို့မည်ဖြစ်ပါသည်။
အကြောင်းအမျိုးမျိုးကြောင့် Online Registration ပြုလုပ်ရန် အခက်အခဲ ရှိသည့် အစုရှယ်ယာရှင်များ အနေဖြင့် MICTDC Call Center ၏ Viber Phone No: ၀၉-၈၈၀၀၈၇၇၀၁၊ ၀၉-၈၈၀၀၈၇၇၀၂ သို့ အစုရှယ်ယာရှင်၏ မှတ်ပုံတင်မူရင်း၊ အစုရှယ်ယာ မှတ်ပုံတင်လက်မှတ် မူရင်းတို့ကို ရှေ့၊ နောက် ဓာတ်ပုံ ရိုက်၍ အမည်၊ မှတ်ပုံတင်အမှတ် နှင့် မိုဘိုင်းလ်ဖုန်း နံပါတ် တစ်ခုဖြင့် အစုရှယ်ယာရှင်ကိုယ်တိုင် စာရင်းပေးသွင်းရန် အကူအညီ တောင်းခံနိုင်ပါသည်။
အစုရှယ်ယာရှင်များ၏ Online ဖြင့် အစည်းအဝေး တက်ရောက်ရန် Registration ပြုလုပ်ထားသော မိုဘိုင်းလ်ဖုန်း နံပါတ်တစ်ခုသို့သာ အစည်းအဝေးတက်ရောက်ရမည့် Zoom Meeting Link နှင့် Password အား SMS ဖြင့် ပေးပို့မည်ဖြစ်ပါသည်။

ကုမ္ပဏီ၏အစုရှယ်ယာရှင်များထံသို့ အစည်းအဝေးဖိတ်စာနှင့်အတူ အစည်းအဝေးတက်ရောက်ရန် အွန်လိုင်းမှ မှတ်ပုံတင်ခြင်း (Online Registration) အတွက် လုပ်ဆောင်ရမည့် နည်းလမ်းပုံစံတို့ကို စာတိုက်မှ တစ်ဆင့် ပေးပို့ သွားမည် ဖြစ်ပါသည်။ ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ အစီရင်ခံစာ၊ ဘဏ္ဍာရေး ရှင်းတမ်းများ၊ ပြင်ပ စာရင်းစစ်အစီရင်ခံစာ နှင့် အစည်းအဝေးဆိုင်ရာ စာရွက်စာတမ်း တို့ကို အစုရှယ်ယာရှင်များ၏ Email သို့မဟုတ် Viber သို့လည်း ပေးပို့ရန် တောင်းဆိုနိုင်ပါသည်။